" လူတွေကို သူတို့မျှော်လင့်ထားတာထက် ပိုပေးလိုက်စမ်းပါ ။ ပေးတဲ့အခါလည်း ကြည်ကြည်ဖြူဖြူရှိနေပါစေနော် "......တဲ့ ။
ပေးတရ်ဆိုတဲ့နေရာမှာ ရုပ်ဝတ္တုပစ္စည်းသာမက အကူအညီလို ချစ်ခြင်းမေတ္တာလို ဒြပ်မဲ့တွေလဲ ပါပါတရ် ။ဘာကိုပဲ ပေးပေး ကိုယ့်ဆီကရလောက်မယ်လို့ တစ်ဖက်သားမှန်းထားတာထက် ပိုပိုသာသာလေးပေးလိုက်မယ်ဆိုရင် ဟိုတစ်ဖက်သားမှာ ဘယ်လိုခံစားရမလဲ ။ ကိုယ်သာဆိုရင်ကော ကိုယ်မျှော်လင့်ထားတာထက် ပိုရရင်ဘယ်လိုခံစားရမလဲ ။ ပြီးတော့ကိုယ့်ကိုပေးတဲ့အခါမှာလည်း ပေးတဲ့သူက ငြူစူနေမှန်း၊တွန့်တိုနေမှန်း၊မသထာရေစာမှန်းသိနေရင် ကိုယ်ဘယ်လိုခံစားရမလဲ ။ အဲဒါလေးတွေနဲ့ ဆင့်ပွားစဉ်းစားကြည့်မရ်ဆိုရင် ဒီအမှတ် တစ် လေးက စိတ်ဝင်စားစရာပဲခင်ဗျ ။
ဆရာအတ္တကျော်ရဲ့ စာပိုဒ်လေးပါ ။ စဉ်းစားဖွယ်လေးမို့ သူငယ်ချင်းတွေကို ဖက်စေချင်တဲ့စေတနာနဲ့ တင်လိုက်တာပါ ။ မှန်ပါတရ် ။ စိတ်ဝင်စားဖွယ်လေးပါပဲ ။ ဘာလို့လဲဆိုတော့ လူတော်တော်များများဟာ ကိုယ်ကျိုးကိုပဲ ကြည့်ပါတရ် ။ ကျတော်လဲ လူပါပဲ ။ ဒါလေးကိုဖက်ပြီးတော့မှ ကျတော်လဲ စိတ်ကို အတက်နိုင်ဆုံး ထိန်းလိုက်တာပါ ။ အတော်အသင့်တော့အောင်မြင်ပါတရ် ။ သူငယ်ချင်းတွေကိုလဲ ကြိုးစားကြည့်ပါလို့ တိုက်တွန်းလိုက်ပါရစေ ။